အမှတ်တရတွေ များစွာနဲ့ ပြည့်နှက်တဲ့ ခရီးစဥ်လေးတစ်ခု

🌿 ခရီးသွား မှတ်တမ်း 🌿
✨ အမှတ်တရတွေ များစွာနဲ့ ပြည့်နှက်တဲ့ ခရီးစဥ်လေးတစ်ခု ✨

၂၀၂၆ ခုနှစ်၊ မတ်လကုန်က ကျွန်မတို့ ရုံးအဖွဲ့ဝင်များ စိတ်ကြည်နူးဖွယ် ပျော်ရွှင်စရာ ခရီးစဉ်လေး တစ်ခုကို သွားရောက်ခဲ့ကြပါတယ်။

ပထမဦးစွာ ဝမ်းတွင်းမြို့မှ ည ၁၀ နာရီမှာ စထွက်လာပြီး ရန်ကုန်အဖွဲ့ကို 39 မိုင်မှာ ဝင်ခေါ်ကာ မော်လမြိုင်သို့ ခရီးစဉ်တစ်ခုကို စတင်ခဲ့ကြပါတယ်။

မောလမြိုင်သို့ နေ့လည် ၁ နာရီ ဝန်းကျင်မှာ ရောက်ပြီး မော်လမြိုင်မြို့ ကမ်းနားက ဇမ္ဗူကျော်ဟိုတယ်သို့ ဝင်ပြီး သံလွင်မြစ်ကြီးနဲ့ သံလွင်တံတားကို ငေးကြည့်ရင်း ခေတ္တနားနေ အပန်းဖြေကြပါတယ်။

ညနေစောင်းတော့ ကျိုက်သလ္လံဘုရားသို့ သွားရောက်ဖူးမြော်ပြီး မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းကို ကြည့်ရှုနိုင်ခဲ့ပါတယ်။

နောက်တစ်နေ့ နံနက်မှာတော့ ဝင်းစိန်တောရ သို့ သွားရောက်ကာ သဘာဝတရားနဲ့ တရားဓမ္မ အေးချမ်းမှုကို ခံစားခဲ့ကြပါတယ်။

ထိုမှတဆင့် ကျိုက္ခမီမီဘုရားသို့လည်း သွားရောက်ဖူးမြော်ခဲ့ပြီး ပင်လယ်ရေထဲမှာ တည်ရှိနေသော ဘုရားရဲ့ တမူထူးခြားမှုကို အံ့ဩဖွယ် ကြည့်ရှုခဲ့ကြပါတယ်။

ထို့အပြင် စက်စဲကမ်းခြေတွင် ငွေသောင်ယံမှ လှပတဲ့ ပင်လယ်မြင်ကွင်းတွေကြား စိတ်အေးချမ်းစွာ အနားယူခဲ့ကြပါတယ်။

နောက်နေ့မှာတော့ တောတောင် ရေမြေနဲ့ သဘာဝတရားကြီးရဲ့ ထူးဆန်းစွာ တည်ရှိနေတဲ့ ကျိုက်ထီးရိုးဘုရားကို တက်ရောက်ဖူးမြော်ခဲ့ပြီး ယုံကြည်မှုနဲ့ သာသနာတရားအပေါ် လေးစားမှုကို ပိုမိုတိုးတက်စေခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ကျွန်တော်တို့အဖွဲ့အတွက် မမေ့နိုင်သော အမှတ်တရများကို ဖန်တီးပေးခဲ့ပြီး အဖွဲ့ဝင်တွေကြား ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေခဲ့ပါတယ်။

Previous Article ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ဆုံးဖြတ်ချက်အမှတ် SC/16446